ချောက် ၁ ဧပြီ 
 
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်ရှိ ပန်းဘဲမြောက်ရွာတွင် ဝိသာခါဖောင်ဒေးရှင်းမှ ငွေကျပ် ၁၄၁ သိန်း အကုန်ကျခံတူးဖော်ဆောင်ရွက်ခဲ့သည့် စက်ရေတွင်းပေးအပ်လှူဒါန်းပွဲကို ယမန်နေ့  နံနက်က အဆိုပါကျေးရွာရှိ စက်ရေတွင်းဝင်းအတွင်း၌ ပြုလုပ်ကြောင်းသိရသည်။    

 

66

 

လှူဒါန်းပွဲ၌  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဝိသာခါဖောင်ဒေးရှင်းမှ  အလှူရှင် တစ်ဦးတို့ကစက်ရေတွင်းလှူဒါန်းပွဲအား ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးသည်။ 

 

22

 

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး ဦးဝင်းမော်ဌေး က အဖွင့်အမှာစကားပြောကြားပြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းက စက်ရေတွင်းလှူဒါန်းပေးမှုအပေါ် ကျေးဇူးတင်စကား ပြောကြားသည်။            

ထို့နောက် ဝိသာခါဖောင်ဒေးရှင်း နာယက ဒေါက်တာဝင်းမင်းသစ်က စက်ရေတွင်း လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ရှင်းလင်းပြောကြားပြီး၊ ပန်းဘဲမြောက်ကျေးရွာတာဝန်ခံ ဦးစိန်ဖေတို့အား စက်ရေတွင်းနှင့် သက်ဆိုင်သည့် အချက်အလက်များကို လွှဲပြောင်းပေးအပ်သည်။        

အဆိုပါ ပန်းဘဲမြောက်ကျေးရွာတွင်   အိမ်ခြေ ၁၆၅ အိမ်၊ အိမ်ထောင်စု ၁၆၅စုရှိပြီး  ကျေးရွာနေပြည်သူ ၇၂၀ဦးတို့ သောက်သုံးရေ ရရှိတော့မည်ဖြစ်၍ အနက်ပေ ၇၀ဝရှိ ငွေကျပ် ၁၄၁သိန်း အကုန်အကျခံ စက်ရေတွင်း လှူဒါန်းပေးသည့် ဝိသာခါဖောင်ဒေးရှင်းအား ယင်းကျေးရွာနေ ဦးခင်မောင်ဌေး က ကျေးဇူးတင် ဝမ်းမြောက်ပီတိစကား ပြောကြားကြောင်း သိရသည်။

ကျော်မိုး (ပြန်/ဆက်)