ရန်ကုန် ၁ ဧပြီ  


မြန်မာနိုင်ငံ စာကြည့်တိုက် အသင်းက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမှူးဖွင့်လှစ်သော အခြေခံ စာကြည့်တိုက်ပညာသင်တန်း (၁/၂၀၁၉) ကို ဧပြီလ(၂၉)ရက်နေ့မှ မေလ ၂၉ ရက်နေ့အထိ နံနက် (၉)နာရီမှ မွန်းလွဲ ၁၂ နာရီခွဲထိ ရန်ကုန်မြို့ ပြည်လမ်းစိန်ရတုခန်းမရှိ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း၏ သင်တန်း ခန်းမ(၂)တွင် ဖွင့်လှစ်မည်ဖြစ်သည်။ 


သင်တန်းသို့ စာကြည့်တိုက်ပညာရပ်ကို စိတ်ပါဝင်စားလေ့လာလိုသူ မည်သူမဆို တက်ရောက်နိုင်ပြီး စာရွက်စာတမ်းများအတွက် ငွေကျပ် ၂၀ဝ၀ဝ ပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။


အဆိုပါ သင်တန်းလျှောက်လွှာများကို မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းသင်တန်း ခန်းမ(၂)နှင့် စာပေဗိမာန်ပြသူ့ စာကြည့်တိုက်အမှတ် ၅၂၉/၅၃၁၊ ကုန်သည်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် ရယူနိုင်ပြီး လျှောက်လွှာများကို ဧပြီလ(၂၆)ရက်နေ့ နောက်ဆုံးထား၍ ဖော်ပြပါ လိပ်စာများနှင့် E-mail.-myanmarlibraryassociation.mla@gmail.com များသို့ ပေးပို့လျှောက်ထားနိုင်ပြီး အသေးစိတ် သိရှိမေးမြန်းလိုပါက ဖုန်းနံပါတ်-၂၅၄၈၀၃၇၇၀ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN