ဂန့်ဂေါ ၁ ဧပြီ
ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၈-၂၀၁၉ ခုနှစ် ကျပ်သိန်း ၁၀ဝ အထက် လမ်းတံတား လုပ်ငန်းများ လုပ်ငန်းသုံးပစ္စည်း အိတ်ဖွင့်တင်ဒါ စိစစ်ရွေးချယ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် မြို့နယ် စည်ပင် သာယာရေး အဖွဲ့ရုံး၌ ပြုလုပ်ရာ တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီဥက္ကဌ ဦးဇော်နိုင်ဝင်းက အမှာစကား ပြောကြားသည်။
“ တင်ဒါစိစစ်ရွေးချယ်ပွဲမှာ လမ်းတံတားများ လုပ်ငန်းသုံးပစ္စည်းများဖြစ်တဲ့ အုတ်၊ သဲ၊ ကျောက်၊ သံချောင်း စတာတွေ အမျိုးအစား ၇ မျိုး ပါဝင်ပါတယ် ” ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ အင်ဂျင်နီယာ ဦးဖြိုးမင်းဝင်း က ပြောသည်။
ထို့နောက် တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့က လုပ်ငန်းရှင်များ၏ မေးမြန်းချက်များကို ရှင်းလင်းဖြေကြား ဆွေးနွေးကာ တင်ဒါတင်သွင်းကြသူများ လုပ်ငန်းတစ်ခုချင်းအလိုက် ရွေးချယ်ခံရသူများစာရင်းအား ထုတ်ပြန် ကြေညာပေးကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။
MDN


