ဗန်းမော်  ၁  ဧပြီ   


ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာချစ်သူများအဖွဲ့တို့က ပူးပေါင်း၍ နှစ်သစ်ကူးအကြို ကလေးစာပေပြပွဲနှင့် ရှားပါးစာအုပ် (သုတ၊ရသ)များ စာအုပ်ဈေးရောင်းပွဲတော်ကို  ဧပြီ ၁ ရက် နံနက် ၉ နာရီက ဗန်းမော်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းရှေ့တွင် ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။            


ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို ဗန်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး၊ ဗန်းမော်မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးလဆန်နှင့် သုခဘုံစာအုပ်တိုက်မှ ဦးညီသုတတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး  စာအုပ်အရောင်းဆိုင်များကို ကြည့်ရှုအားပေးခဲ့သည်။


အဆိုပါ စာအုပ်ဈေးရောင်း ပွဲတော်ကို ရန်ကုန်မြို့ရှိ စာအုပ်တိုက်နှင့် စာအုပ်စာပေ အရောင်းဆိုင်များ(၁၄)ဆိုင်ဖြင့် ဗန်းမော်မြို့သို့ လာရောက်၍ ဧပြီလ ၁ ရက်နေ့မှ ၈ ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှ ည ၉ နာရီအထိ သုတ၊ ရသ စာအုပ်စာပေများ စုံလင်စွာ ရောင်းချပေးသွားမည်ဖြစ်ရာ စာပေချစ်သူများ၊ စာဖတ်ဝါသနာရှင်များနှင့် ဒေသခံပြည်သူများတို့က လာရောက်ဝယ်ယူ အားပေးလျက်ရှိကြောင်း သိရသည်။


သျှမ်းကလေး(ဗန်းမော်)