နေပြည်တော် ၁ ဧပြီ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ၁၂ လရာသီ ပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တန်ခူးလအတွက် သင်္ကြန်ပွဲနှင့် ပိတောက်ပန်း၊ ကံ့ကော်ပန်းပါ ၂၀ဝ ကျပ်တန် အထူးထုတ် စာပို့တံ ဆိပ်ခေါင်းသစ်(၁)မျိုးကို ၂၀၁၉ခုနှစ်၊ ဧပြီ ၅ ရက်၊ မြန်မာ့သက္ကရာဇ် ၁၃၈၀ ပြည်နှစ်၊တန်ခူးလဆန်း ၁ ရက်၊ သောကြာနေ့၊ နံနက် ၉ နာရီခွဲမှစတင်၍တိုင်း ဒေသကြီး/ပြည်နယ်များရှိ လုပ်ငန်းပြည့်စာတိုက် အသီးသီးတွင် ရောင်းချပေးသွားမည် ဖြစ်သည်။
အထူးအစီအစဉ်တစ်ရပ် အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဧပြီ ၅ ရက်၌ ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ်(firstday cover) ပေါ်တွင် နေ့စွဲ အမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


