ခန္တီး  ၁   ဧပြီ  

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် အတွင်းရှိကျေးရွာသုံးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာသုံးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယခုအခါ ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှသိရသည်။

 

2233

 

ခန္တီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၈-၂၀၁၉ဘဏ္ဏာနှစ်တွင် ကျေရွာဖွံ့ဖြိုးရေးစီမံကိန်း VDP ရန်ပုံငွေကျပ် ၁၀သန်း၊ ပြည်သူထည့်ဝင်ငွေ ကျပ် ၁ ဒသမ ၃ သန်းဖြင့် လင်းဖားကျေးရွာ၌ သောက်သုံးရေရရှိရေး အရှည်ပေ ၇၉၂၀ ရှိသော ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း၊ ဟိန်စွန်း ကျေးရွာတွင်စီမံကိန်း ပံ့ပိုးငွေကျပ် ၁၀ သန်း၊ ပြည်သူထည့်ဝင်ငွေ ကျပ် ၂ သန်းဖြင့် အလျား ၅၁ ပေ အနံ ၁၇ပေ အမြင့် ၁၂ ပေရှိ သောကျေးရွာဘက်စုံသုံးခန်းမ ဆောက်လုပ်ခြင်းလုပ်ငန်း၊ စိန်နန်းကျေးရွာတွင် စီမံကိန်းပံ့ပိုးငွေ ကျပ် ၁၀ သန်း၊ ပြည်သူထည့်ဝင်ငွေ ကျပ် ၂ သန်းဖြင့် အလျား ၂၇  ပေ အနံ ၁၈ ပေ  အမြင့်  ၉  ပေ ရှိသော ပညာရေးဝန်ထမ်းအိမ်ရာ ၂ထပ်ဆောက်လုပ်ခြင်းလုပ်ငန်း တို့ကိုဖေဖော်ဝါရီလအတွင်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၀ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရာဌေး ကပြောပြသည်။

 

3666

 

အဆိုပါလုပ်ငန်းဆောင်ရွက်နေမှု့များကို မြို့နယ်ဦးစီးမှူး ဦးရာဌေးနှင့် ဝန်ထမ်းများက ယနေနံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ 


စစ်ဆေးရာတွင် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များမှ လုပ်ငန်းဆောင်ရွက်ချက်များအားရှင်းလင်းပြသခဲ့ပြီး၊ လင်းဖားကျေးရွာတွင် ရေပိုက်များအားလုံးသွယ်တန်းပြီး ဟိန်စွန်းကျေးရွာနှင့်စိန်နန်းကျေးရွာတို့တွင် အဆောက်အဦဆေးသုတ်ခြင်းလုပ်ငန်းများသာကျန်ရှိတော့ကြောင်းသိရသည်။ လုပ်ငန်းအားလုံးသတ်မှတ်စံချိန်စံညွှန်းပြည့်မှီရေးနှင့်သတ်မှတ်ဘဏ္ဏာနှစ်အမှီပြီးစီးရေးအလေးထားဆောင်ရွက်ကြရန်လည်းမှာကြားခဲ့သည်။

ခန္တီးမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ဘဏ္ဏာနှစ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP ရန်ပုံငွေကျပ် ၁၄၀ သန်း၊ ပြည်သူထည့်ဝင်ငွေ ကျပ် ၅၃ ဒသမ ၃၈ သန်းဖြင့် ကျေးရွာ ၁၄ ရွာတွင် ဘက်စုံသုံးခန်းမ ဆောက်လုပ်ခြင်းလုပ်ငန်း ၇ခု၊ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်း ၂ခု၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၂ခု၊ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ၁ခု၊ မီးကြိုးသွယ်တန်းခြင်းလုပ်ငန်း ၁ခု၊ ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ၁ခု၊ စုစုပေါင်း ဖွံ့ဖြိုးရေးလုပ်ငန်း ၁၄ ခုအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးရာဌေး ကပြောပြ၍သိရသည်။

ငြိမ်းသူ(စလင်း)