ပုလဲ ၁ ဧပြီ 

 


စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ ပြည်သူ့ဆေးရုံ တိုးချဲ့နှစ်ထပ်လူနာဆောင်သစ်ဖွင့်ပွဲကို ဧပြီလ (၁)ရက်နေ့ နံနက်(၈)နာရီက အဆိုပါ  အဆောက်အဦသစ်ရှေ့တွင် ကျင်းပခဲ့သည်။

 

a

 

ပုလဲမြို့ ပြည်သူ့ဆေးရုံ တိုးချဲ့(၂)ထပ် လူနာဆောင်သစ်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင် သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်း လှိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ ဝင်းလွင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

d

 

ပုလဲမြို့ ပြည်သူ့ဆေးရုံ၏ တိုးချဲ့နှစ်ထပ်ဆောင်သည် အလျားပေ ၁၅ဝ ၊ အနံ ၅၆ ပေ ရှိပြီး ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၅၆၁.ဝ၈၈ သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

d

 

အလားတူ ပုလဲမြို့ တောင်ပိုင်းရပ်ကွက်တွင် ပြည်ထောင်စုဘတ်ဂျက်မှ ငွေကျပ်(၂၉.၂၉၅)သန်း ကုန်ကျ သည့် တိုင်းရင်းဆေးပေးခန်းနှင့် ဝန်ထမ်းအိမ်ယာ အဆောက်အဦများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်၊ တိုင်းဒေသကြီးလူမှုရေး ဝန်ကြီးဒေါက်တာဇော်ဝင်း၊ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။    

 

d

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ကုသရေးဦးစီးဌာနအတွက် အဆောက်အဦ (၄)ခုနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအတွက် အဆောက်အဦ (၄၂)ခုအား လည်းကောင်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ကုသရေးဦးစီးဌာနအတွက် အဆောက်အဦ (၁၈)ခုနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအတွက် အဆောက်အဦ (၄၈)ခုအားလည်းကောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ကုသရေးဦးစီးဌာနအတွက် အဆောက် အဦ (၁၇)ခုနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအတွက် အဆောက်အဦ (၅၂) အားလည်းကောင်း တည်ဆောက်ပေးနိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ငွေကျပ် (၁၁၃၂၃)သန်းကျော်အသုံးပြုပြီး ကုသရေးဦးစီးဌာနအတွက် အဆောက်အဦ (၅၉)ခုနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအတွက် အဆောက်အဦ (၂၆)ခု ထပ်မံဆောက်လုပ်ပေး လျက်ရှိကြောင်း သိရသည်။

 


ဝင်းဦး(ဇေယျာတိုင်း)