တောင်သာ ၁ ဧပြီ
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ထောက်ပံ့ ပေးအပ်သော လူမှုရေးပင်စင်များကို မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများအရောက် ထောက်ပံ့ပေးအပ်ခြင်းကို ဧပြီလ(၁)ရက်၊ နံနက်(၁၀)နာရီက အဘိုးအဘွားများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ လူမှုရေးပင်စင် ထောက်ပံ့ပေးခြင်းများကို အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ် ဒုတိယသုံးလပတ်အတွက် တစ်လလျှင် တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထုတ်ပေးလျက်ရှိ သည်။
မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများသို့ တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းတို့နှင့်အတူ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများဖြင့် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင်ထောက်ပံ့ငွေရရှိသော သက်ကြီးအဘိုးအဘွား(၁၁၀၈)ဦးအား လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)


