နေပြည်တော် ၁ ဧပြီ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပ ပြုလုပ်သော ၂၀၁၉ ခုနှစ် ဓမ္မာစရိယစာမေးပွဲကို ယနေ့ (ဆဋ္ဌမနေ့) တွင် နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၅၄ ဌာနတို့၌ စာဖြေသံဃာတော်နှင့်သီလရှင်များ စာရင်းသွင်း ၁၅၁၅၁ ပါး အနက် ၁၁၁၉၇ ပါး ဖြေဆိုကြသဖြင့် ၇၃ ဒဿမ ၉၀ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
(သတင်းစဉ်)


