ဆီဆိုင် ၂  ဧပြီ    

 


ပြည်သူတို့ရဲ့ အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့သည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စု၊ နောင်မွန်ကျေးရွာ သာသနရက္ခိတဘုန်းတော်ကြီးကျောင်း၌ မြို့နယ်ပြည်သူ့ ဝန်ဆောင်မှု(OSS)ရုံးမှ ရွေ့လျားဝန်ဆောင်မှုဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်းနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဧပြီ ၁ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

 

 

aa

 

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ လူမှောင်ခို လူကုန်ကူးမှု၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောသစ်ပင်ခုတ်ထွင်မှုမရှိရေး လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။ 

 


ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံး၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်လျှပ်စစ်၊ ဘန်းယဉ်တိုက်နယ် ဆေးရုံ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးရှင်းလင်းပြီး တက်ရောက်လာသည့် ဒေသခံပြည်သူများမှ သိရှိလိုသည်များ အပြန်အလှန်ဆွေးနွေးခြင်းနှင့် (OSS)လုပ်ငန်းဌာနများမှ ဝန်ဆောင်မှုလုပ်ငန်းများ အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။    

 

www

 

အဆိုပါအခမ်းအနားသို့(OSS)လုပ်ငန်းဌာနများ၊ နောင်မွန်ကျေးရွာအုပ်စုနှင့် နီးစပ်ရာကျေးရွာများမှ ဒေသခံပြည်သူ ၃၀ဝ ခန့် တက်ရောက်ခဲ့ပြီး ကျန်ကျေးရွာအုပ်စုများသို့လည်း ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းများအား ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 


ခွန်ရဲထွေး(ဆီဆိုင်)