ရန်ကုန် ၂ ဧပြီ              


ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(အင်းစိန်)နှင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်(အင်းစိန်)တို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာ့သိုင်းပညာ အခြေခံ(၆၃)မောင်းအား လေ့ကျင့်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာနတွင် လေ့ကျင့်ပေးခဲ့သည်။


အဆိုပါ သင်တန်းကို ကျောင်းသားကျောင်းသူများ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်းဖြင့် ကျန်းမာရေး ကောင်းမွန်စေရန်၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု ရှိစေရန်၊ မြန်မာ့သိုင်းပညာ အခြေခံသဘောတရားများ သိရှိစေရန် ရည်ရွယ်၍  ဘက်စုံစွမ်းရည်မြင့်မားရေးသင်တန်းမှ လေ့ကျင့်သင်ကြားပေးခြင်းဖြစ်သည်။


လေ့ကျင့်ပေးရာတွင် နည်းပြအဖြစ် ဟံသာဝတီ နန်းတွင်းသိုင်းပြောင်းပြန် ခွဲမှူး၊ဇာတိမာန် ပရဟိတလူငယ် သိုင်းဝါသနာရှင်များအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးထက်အောင်က လေ့ကျင့်ပေးခဲ့ရာ အဆိုပါ လေ့ကျင့်ပေးရာသို့ ကျောင်းသားကျောင်းသူ ၃၀ လေ့ကျင့်သင်ကြားခဲ့ကြောင်း သိရသည်။


ဇွဲထက်ကို(ပြန်/ဆက်)