လှည်းကူး ၂ ဧပြီ
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်တွင် ဆဋ္ဌမအကြိမ်မြောက် သာသနာ့ပဗ္ဗဇ္ဇ အမွေခံယူပွဲနှင့် ဗုဒ္ဓယဉ်ကျေးလိမ္မာကလေးတရားစခန်းကို သီတာအေးတိုးချဲ့(၆)လမ်းရှိ "သုပညာပါရမိ" ဗုဒ္ဓယဉ်ကျေးလိမ္မာနှင့် ပညာဒါနသီလရှင်ကျောင်း၌ ဧပြီလ ၃ ရက်မှ ၇ ရက်အထိ ၅ရက်ကြာဖွင့်လှစ်သွားမည် ဖြစ်သည်။
နွေရာသီယဉ်ကျေးလိမ္မာတရားစခန်းတွင် ဧပြီ ၃ ရက် နံနက်ပိုင်းတွင် ဓမ္မပါလဆရာတော် အရှင်ပါကဋာလင်္ကာရ ဓမ္မကထိက၊ ဂုဏ်ထူးဆောင်(၉)ဘွဲ့ရ ဓမ္မပါလဖောင်ဒေးရှင် အကျိုးတော်ဆောင်ချုပ်မှ တရားတော်များကို ချီးမြှင့်သွားမည်ဖြစ်သည်။
တရားအလှူ တော်ဓမ္မသဘင် အခမ်းအနားကို ဧပြီ(၃)ရက်နေ့မှ ဧပြီ(၇)ရက်နေ့အထိ (၅)ရက် တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ ပထမနေ့တွင် မြို့နယ်သံဃာ့နာယက၊လှည်းကူး(ဥက္ကဋ္ဌ -ရွှေကျင်)ဆရာတော် ဘဒ္ဒန္တသြဘာသ၊ ဒုတိယနေ့တွင် (သာသနဓဇ ဓမ္မာစရိယ)မင်းဘူး ဆရာတော် အရှင် ရေဝတ၊ တတိယနေ့တွင် ငွေတောင်ရတနာကျောင်းတိုက်(ဓမ္မာစရိယ)ဆရာတော် အရှင်ဣဿရိယ၊ စတုတ္ထ နေ့တွင် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် (ဓမ္မာစရိယ)မင်းဘူးဆရာတော် အရှင်သမထ၊ ပဉ္စမနေ့တွင် ဓမ္မိကာရုံ၊ဒါးပိန် (ဓမ္မာစရိယ)ဆရာတော် အရှင်သူရိယတို့မှ တရားတော်များကို ဟောကြားသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)


