ပလောက်    ၂ ဧပြီ  

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ အမှတ်(၁)ရပ်ကွက်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များကို ကျန်းမာရေးဗဟုသုတရရှိစေရန်နှင့် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက ပလောက်မြို့ ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးခဲ့သည်။

အဆိုပါ ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များအား ပလောက်မြို့အမှတ်(၁)ရပ်ကွက် သားဖွား ဆရာမ ဒေါ်သန်းဌေးနှင့် အဖွဲ့က မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အသက် (၁)နှစ်ခွဲနှင့် (၁)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 နိုင်ဦး(ပလောက် ပြန်/ဆက်)

 

mdn