ပျဉ်းမနား ၂ ဧပြီ
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင် ပျဉ်းမနားမြို့နယ်၌ ဒုတိယအကြိမ် လမ်းလျှောက်သင်္ကြန်ပွဲတော်အား သင်္ကြန်ရေကစားသူများနှင့် အပန်းဖြေအနားယူသူများ စိတ်ချမ်းသာစွာဖြင့် အန္တရာယ်ကင်းစွာ သင်္ကြန်ရေကစားနိုင်ရေးအတွက် ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက် အတွင်းရှိ မင်္ဂလာရှမ်းကန်ပတ်လည်တွင် ယခင်နှစ်ထက် ပိုမိုစည်းကား သိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
လမ်းလျှောက်သင်္ကြန်ပွဲတော်ကို မင်္ဂလာရှမ်းကန်ပတ်လမ်းတွင် ကျင်းပမည်ဖြစ်ပြီး၊ ဗိုလ်တောက်ထိန်လမ်းနှင့် ဗိုလ်တာယာလမ်း တစ်လျှောက်တွင် ထီးများနှင့် အလှဆင်ကာ၊ ခန့်ညားထည်ဝါသော မုဒ်ဦးတစ်ခု၊ “စိုး”လျှပ်စစ်ဖောင်းဒေရှင်မှ ပါဝင်ကူညီပေးသော မြန်မာ့ဆိုင်ဝိုင်း၊ ခေတ်ပေါ် တေးဂီတဝိုင်းများနှင့်အတူ နိုင်ငံကျော်အဆိုတော်များ ပါဝင်သည့် ဖျော်ဖြေရေး မဏ္ဍပ်တစ်ခု၊ မြန်မာ့ရိုးရာသနပ်ခါး မဏ္ဍပ်တစ်ခု၊ ရေကစားမဏ္ဍပ်ရှစ်ခုတို့ ပါဝင်မည် ဖြစ်ကြောင်းနှင့် ရေကစားမဏ္ဍပ်ကြီးများ၏ကြားတွင် မိသားစုရေကစားဏ္ဍပ်(၄၀)ခုအပြင် စတုဒီသာ မဏ္ဍပ်များကို လမ်းလျောက်သင်္ကြန်ပွဲတော်ကြီးတွင် ထည်သွင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ပွဲကျင်းပရာ လမ်းတစ်လျှောက်တွင် လုံခြုံရေးကင်မရာများ တပ်ဆင်သွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီထံမှ သိရသည်။
နှစ်ဆန်းတစ်ရက်နေ့တွင်လည်း ပထမအကြိမ် ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ နှစ်ဦးဆွမ်းကပ်လှူခြင်း၊ အန္တရာယ်ကင်း ပရိတ်တရာတော်နာခြင်းနှင့်အတူ နှစ်ဦးတရာပွဲတော်ကို ဗိုလ်တောက်ထိန် လမ်းပေါ်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)


