ကျိုင်းတုံ     ၂ ဧပြီ 


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ နောင်တုံကန်၌ ကန်ရေညစ်နွမ်းခြင်းနှင့် အနံဆိုးများ ထွက်ပေါ်လာမှု မရှိစေရန်၊ အပန်းဖြေ လာရောက်လည်ပတ်သူများ အဆင်ပြေ ချောမွေ့စေရန်အတွက် ကာကွယ်ဆောင်ရွက်မှုများ ဆောင်ရွက်ခြင်းကို ဧပြီလ ၂ ရက် နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။


အဆိုပါ နောင်တုံကန်သည် အကျယ် (၃၃) ဧကရှိပြီး ရေဝင်ရေထွက် နည်ပါးမှုကြောင့် ကန်အတွင်းရှိ ငါးများမှာ အောက်စီဂျင် ပြည်ဝစွာ ရရှိမှုမရှိဘဲ နှစ်စဉ်ငါးများမှာ အစုလိုက် သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ၎င်းဖြစ်ရပ်များကြောင့် အနီးအနား ပတ်ဝန်းကျင်နှင့် အပန်းဖြေ လည်ပတ်သူများအတွက် အဆင်မပြေမှုများ ဖြစ်ပေါ်စေခဲ့သည်။ 


ထိုအခက်အခဲများအား ကာကွယ်ဖြေရှင်းနိုင်ရန် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ အကြီးအကဲများ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးကော်မတီတို့မှ ဦးဆောင်၍ ကျိုင်းတုံမြို့ရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဒေသခံပြည်သူတို့က ပူးပေါင်းကာကွယ် ဆောင်ရွက်မှုများအား လုပ်ဆောင်လျက်ရှိကြောင်း ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN