ဘောလခဲ ၂ ဧပြီ
ကယားပြည်နယ်၊ ဘောလခဲမြို့တွင် မြို့မြေငှားဂရန် လျှောက်ထားနိုင်ရန်အတွက် မြေစာရင်းပုံစံ-၁၀၅/၁၀၆ ပေးအပ်ပွဲကို ယနေ့နံနက်(၁၀) နာရီက ပြည်သူ့ဝန်ဆောင်မှု(oss)ရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက မြို့မြေငှားဂရန်လျှောက်ထားနိုင်ရန်အတွက် ဘောလခဲမြို့သည် မြို့ဧရိယာ ၃၅၉ ဧကမှ၈၂ ဧကမှာ မြေလွတ်မြေရိုင်း ဖြစ်သည့်အတွက် ၂၈၇ ဧကသာ မြို့မြေ ဖြစ်ပါသောကြောင့် မြေငှားဂရန်ကို အားလုံးရရှိနိုင်ရေးမှာ အခက်အခဲရှိပါကြောင်း၊ သို့သော် အားလုံးရရှိနိုင်ရေး အဆင်ဆင့်တင်ပြ ဆောင်လျက်ရှိကြောင်း၊ ယခု မြို့မြေငှားဂရန်လွယ်ကူစွာ လျှောက်ထားနိုင်ရေး လိုအပ်သည့် အထောက်အထားများကို ပြည့်သူ့ဝန်ဆောင်မှု (oss)ရုံးတွင် ဆောင်ရွက်ပေးနေတာဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်မြေစာရင်းဌာန တာဝန်ရှိသူတစ်ဦးက မြေစာရင်းပုံစံ-၁၀၅/၁၀၆ကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ဖိုးရယ်(ဘောလခဲ)


