ပုဇွန်တောင် ၂ ဧပြီ

မွေးကင်းစမှ အသက်တစ်နှစ်ခွဲထိ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ဆေးတိုက်ကျွေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် ကျန်းမာရေး ဆေးပေးခန်း၌ ယနေ့ နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးမှုတွင် မွေးကင်းစမှ အသက် တစ်နှစ်ခွဲထိ ကလေးငယ်များကို လစဉ်ပုံမှန် ကာကွယ်ဆေးနှင့် BCG ကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် PCV ကာကွယ်ဆေး၊  ဝက်သက်ရ ဂျိုက်သိုး ကာကွယ်ဆေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါ ကာကွယ်ဆေးများ ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

ကိုဘုန်း

 

mdn