၂ ဧပြီ
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ကနောင်အိမ်ရာတွင် ခေတ္တနေရာ ချထားပေးထားသည့် ထိုင်းနိုင်ငံမှ နေရပ်ပြန်မြန်မာမိသားစုများအား မိသားစုဝင်(၁၀)စုအားတစ်စုလျှင် ကျပ်(၁)သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ်(၁၀)သိန်းကို တတိယအကြိမ်မြောက်အဖြစ် အိမ်ထောင်စုတစ်စုချင်းစီအလိုက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့အပြင် ထောက်ပံကြေးပေးအပ်ခြင်းနှင့်အတူသန်းခေါင်စာရင်းနှင့်နိုင်ငံသားမှတ်ပုံတင်ပြုလုပ်ပေးရန်အတွက် မြို့နယ်လူဝန်မှုကြီးကြပ်ရေးဦးစီးအရာရှိ ဦးသန်းဋ္ဌေးမြင့်က စာရင်းကောက်ယူကာ ဆောင်ရွက်ပေးမည်ဖြစ်သည်။
နေရပ်ပြန်မိသားစုများထောက်ပံ့ကြေးပေးအပ်ပွဲသို့ လူမှုရေးဝန်ကြီးနှင့်အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှစိန်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထွေး၊ လူမှုရေး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်စီမံခန့်ခွဲရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးဦးဝင်းရွှေ၊ ရန်ကုန်တိုင်းပညာရေးမှူးရုံး(စီမံ/ဘဏ္ဍာ)ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်နိုင်ဦး တို့လိုက်ပါကာ မိသားစုဝင်များကို အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ကိုကြီးစိုး(ဆိပ်ကမ်း)


