နေပြည်တော်  ၂  ဧပြီ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် UN-HABITAT Country Programme Manager , Mr.BijayKarmacharya  နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် UN-HABITAT အဖွဲ့အစည်းတို့အနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကိစ္စရပ် များ၊ ဝန်ထမ်းများစွမ်းရည်မြင့်မားရေးအတွက် သင်တန်းများပေးခြင်း၊ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ရှိနေရပ် စွန့်ခွာသူများအတွက် ပြန်လည်ထူထောင်ခြင်း၊ ပြန်လည်နေရာချထားခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ UN-HABITAT အဖွဲ့အစည်းနှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်းဂျပန်နိုင်ငံ၏အလှူငွေဖြင့် UN-HABITAT နှင့် MOU ရေးထိုး ဆောင်ရွက်မည့် “Rakhine Settlements Support Project: RASSP ” စီမံကိန်း အကောင်အထည်ဖော်ရန်ကိစ္စ၊ စီမံချက်ဆောင်ရွက်ရာတွင် ဒေသခံပြည်သူလူထု၏ သဘောထားအမြင်များကို နားထောင်ခြင်း၊ ဆွေးနွေးခြင်းများပြုလုပ်၍ သက်ဆိုင်ရာအုပ်ချုပ်မှု အဖွဲ့အစည်းများ၊ ပြည်နယ်အစိုးရ၊ပြည်ထောင်စုအစိုးရတို့နှင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်မှုများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးကြကြောင်းသိရသည်။

(သတင်းစဉ်)