ဖလမ်း ၃  ဧပြီ

 

ဖလမ်းမြို့နယ် လုံးဟော့ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအဆင့် တိုးမြှင့်ဖွင့်ပွဲကို ဧပြီ ၂ ရက် နံနက် ၁၁ နာရီက အဆိုပါ ကျောင်းမုခ်ဦးရှေ့၌ ကျင်းပခဲ့သည်။

 

1

 

ထို့နောက် လုံးဟော့အခြေခံပညာ အထက်တန်းကျောင်းမုခ်ဦးအား ချင်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုး၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် ပြည်နယ်ပညာရေးမှူး ဒေါ်နှင်းကြည်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 

ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်း အစီအစဉ်ကို အဆိုပါ ကျောင်းခန်းမ၌ ဆက်လက်ကျင်းပရာ လုံးဟော့လူငယ်များက Cak le Ral tha တေးသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့်  ပြည်နယ်လူမှုရေးဝန်ကြီးတို့က အမှာစကား ပြောကြားကြပြီး လုံးဟော့ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်မူယာက ကျောင်းသမိုင်း အကျဉ်းချုပ်နှင့် ကျောင်းဆောင်လိုအပ်ချက် များကိုလည်းကောင်း၊ လုံးဟော့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးငွန်ထောင်းက ဒေသလိုအပ်ချက်များကိုလည်းကောင်း တင်ပြရာ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကျောင်းအတွက်အားကစားပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးက ကျောင်းအဆင့် တိုးမြှင့်ဖွင့်ပွဲ အထိမ်းအမှတ် အလံများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ ပြန်လည်ပေးအပ်သည်။

 

လုံးဟော့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကို အခြေခံပညာ အထက်တန်းကျောင်းအဖြစ် ကျောင်းအဆင့် တိုးမြှင့်ခြင်းကို ၂၀၁၈ ခုနှစ် မေလ ၂၉ ရက်နေ့တွင် အဆင့်တိုးမြှင့် ပေးခဲ့ကြောင်း သိရသည်။

 

ဂျွန်