မင်းဘူး ၃ ဧပြီ
မကွေးတိုင်းဒေသကြီး ကွန်ပျူတာအသင်းနှင့် မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်ထောင်စုဖောင့်အသုံးပြုပုံနှင့် ICT နည်းပညာဟောပြောပွဲကို ဧပြီလ ၂ ရက် နံနက် ၉နာရီခွဲက မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျက အဖွင့်အမှာစကားပြောကြားပြီး မင်းဘူးခရိုင်ခရိုင်ပြန်ဆက်ဦးစီးအရာရှိ ဦးသန်းဌေးက ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးခင်ဇော်မှ E-Goverment နှင့် E-Office ဆိုင်ရာ အချက်အလက်များကို ဆွေးနွေးခဲ့ပြီး မကွေးတိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင် အသင်းဒုဥက္ကဋ္ဌ ဦးသော်တာဇော်မှ ပြည်ထောင်စုဖောင့်အကြောင်းနှင့် ပြည်ထောင်စုဖောင့် သုံးစွဲပုံကို ဆွေးနွေးခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း စာရင်းစစ် ဦးသက်မင်းဦး မှ ICT ၏ အကျိုးရှိပုံကို ဆွေးနွေးတင်ပြခဲ့ရာ တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲ အခမ်းအနားသို့ ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျ၊ မြို့နယ် အုပ်ချုပ်ရေးမှူ ဦးသိန်ဇော်ကံ၊ ခရိုင်ပြန်ဆက်ဦးအရာရှိ ဦးသန်းဌေး၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများဝန်းထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
မျိုးမြတ်(မင်းဘူး)


