စစ်ကိုင်း  ၃   ဧပြီ

 

စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက်အတွင်း အသစ်တည်ဆောက်နေသော ရွှေမင်းဝံ အဆင့်မြှင့်နှစ်ထပ် ဈေးသစ်ကြီးမှာ လက်ရှိတွင် ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

 

အဆိုပါ ရွှေမင်းဝံ အဆင့်မြင့်နှစ်ထပ်ဈေးသစ်ကြီးကို ၂၀၁၈ ခုနှစ် ဇွန်လ ၉ ရက်နေ့က ပန္နက်တင် အခမ်းအနားပြုလုပ်ခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများကို စတင်ခဲ့ကာ လက်ရှိတွင် ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး ယခုနှစ် မေလ ၁  ရက်နေ့ ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားကြောင်း  စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးဝင်းနိုင်က ပြောသည်။

 

1

 

''ဈေးဆိုင်ခန်းတွေက နည်းနည်းကျန်သေးတယ်။ အပေါ်ထပ်၊အောက်က ဈေးဆိုင်ခန်း နည်းနည်းစီ ကျန်သေးတယ်၊အမိုးပါ အကာမဲ့ ဈေးဆိုင်ခန်းတွေက အကုန် ရောင်းကုန်ပါပြီ''ဟု ၎င်းက ပြောသည်။

 

ယခု အသစ် ဆောက်လုပ်သည့် ရွှေမင်းဝံ အဆင့်မြှင့်နှစ်ထပ်ဈေးသစ်ကြီး ပုံသဏ္ဍာန်မှာ "ယူ"ပုံသဏ္ဍာန် ရှိမည်ဖြစ်ပြီး အခန်းပေါင်း အနေဖြင့် ၂၂၂ ခန်း ပါဝင်ကာ  ဆိုင်ခန်းဈေးနှုန်းများ အနေဖြင့် ကျပ်သိန်း (၂၀၀)၊ (၁၅၀)၊ (၇၅)သိန်းနှင့် အမိုးပါ အကာမဲ့ ဆိုင်ခန်း တစ်ခန်းလျှင် ငွေကျပ် ၁၅ သိန်းတို့ဖြင့် ရောင်း ချပေးခဲ့ကြောင်း၊ ရောင်းချရာတွင်လည်း လက်ရှိရောင်းချနေသည့်  ဈေးသည်များကို ဦးစားပေး အရစ်ကျစနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

      

ကိုမင်း(အင်းတော်)

 

1