ပညာပေးနှိုးဆော်ချက်
Ø မိုးဦးကျကာလဖြစ်သော ဧပြီ၊ မေနှင့် ဇွန်လများတွင် ဥကပ်နေသော (သို့မဟုတ်) ဥနှင့် ပြည့်ဝနေသော ရေချိုပုစွန်ထုပ်ကြီးများသည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြစ်ချောင်း၊ အင်းအိုင်များတွင် ဥချရန် ပြင်ဆင်လျှက်ရှိပါသည်။ ထိုပုစွန်ထုပ်ကြီးများမှ ထောင်ပေါင်းများစွာသော ပုစွန်များပေါက်ပွားလာနိုင်မည်ဖြစ်ပါသည်။
Ø အဆိုပါမျိုးပုစွန်ကြီးများအား ဖမ်းဆီးသတ်ဖြတ်ခဲ့ပါက ၄င်းတို့မှ သားလောင်းများ မပေါက်နိုင်တော့ဘဲ မျိုးပြုန်းတီးစေရာ ရောက်သဖြင့် ဥကပ်နေသော (သို့မဟုတ်) ဥနှင့်ပြည့်၀နေသော မျိုးပုစွန်ကြီးများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ သယ်ယူခြင်း၊ သိုလှောင်ခြင်း၊ လက်၀ယ်ထားရှိခြင်း၊ အရောင်းအ၀ယ် ပြုလုပ်ခြင်းများ မပြုလုပ်ကြရန် ငါးလုပ်ငန်းဦးစီးဌာနမှ အမိန့်ကြော်ငြာစာအမှတ်၊ ၁/၉၂ ဖြင့် တားမြစ်ထားပါသည်။ အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက သက်ဆိုင်ရာ ဥပဒေအရ ဖမ်းဆီးတရားစွဲဆို အပြစ်ပေးနိုင်ရန် ပြဌာန်းထားပါသည်။
Ø သို့ပါ၍ ရေချိုပုစွန်ထုပ်များ ရေရှည်တည်တံ့နေစေရန်နှင့် မျိုးပြုန်းတီးမှုမှ ကာကွယ်ရန်၊ တစ်နိုင်ငံလုံး ရေရှည်စားသုံးနိုင်ရန်၊ အမျိုးသားစီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အကူ ပြုနိုင်ရန်အတွက် ရေချိုပုစွန်ထုပ်ကြီးများကို ဧပြီလမှ ဇွန်လကုန်အထိ ဘေးမဲ့ပေးကြပါရန် နှိုးဆော်အပ်ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ငါးလုပ်ငန်းဦးစီးဌာန


