မန္တလေး   ၃ ဧပြီ

 

၂၀၂၂- ၂၀၂၃ မှာ မန္တလေးတိုင်း အတွင်းရှိ ကျေးရွာပေါင်း ၄၈၀ဝ နီးပါး မီးလင်းနိုင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။

 

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ အထိ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာပေါင်း ၂၉၀ဝ နီးပါး မီးရရှိခဲ့ပြီး စုစုပေါင်းကျေရွာ ၁၉၀ဝ ခန့်သာ မီးလင်းရန် ကျန်ရှိကြောင်း သိရသည်။

 

‘အဆိုပါ ကျေးရွာများ မီးလင်းရေးအတွက် တိုင်းဒေသကြီး ဘတ်ဂျက်ကနေ တစ်နှစ်ကို  ပျမ်းမျှ ငွေကျပ် ၉ ဒသမ ၅ ဘီလီယံ သုံးစွဲခဲ့ပါတယ်။ တစ်နှစ်ကို ကျေးရွာပေါင်း ၄၈၀ မီးပေးနိုင်ခဲ့သည့် အခြေအနေ ဖြစ်သဖြင့် ၂၀၂၂-၂၀၂၃ မှာ ကျေးရွာပေါင်း ၄၇၉၉  ရွာ မီးလင်းနိုင်မယ်လို့ မျှော်မှန်းရပါတယ်’ ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ယခု ၁ ရက်က ကျင်းပပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

 

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာများ မီးလင်းရေးအတွက် နှစ်စဉ်လျာထားသည့် ပျမ်းမျှ ငွေကျပ် ၉ ဒသမ ၅ ဘီလီယံ ခန့် သုံးစွဲခဲ့ရကြောင်း သိရသည်။ လာမည့်နှစ်များတွင်လည်း  နှစ်စဉ်လျာထားသည့် ပျှမ်းမျှငွေအောက် လျှော့ချမှုမပြုဘဲ Public Finance Initiative(PFI) စနစ်ဖြင့် ကျေးလက်မီးလင်းရေးကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

၂၀၃၀ တွင် နိုင်ငံအဝန်း လျှပ်စစ်ဓာတ်အား လက်လှမ်းမီ ရရှိစေရေးအတွက်  အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိစေရေးစီမံချက် National Electrification Plan (NEP) ကို စတင်အကောင်ထည်ဖော် ဆောင်ရွက်နေသည်။

 

အိမို့မို့ခိုင်