ရွှေဘို ၃  ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ပလိုင်းကျေးရွာရှိ ပေ(၁၀ဝ၀ဝ)ကျော် ကန်တော်ရိုး ကုန်ထုတ်လမ်း ဂျင်းကျောက်မြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေခြင်းကို ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ ဦးစီးမှူး ဦးမြင့်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးဝင်းမြတ်သိန်းတို့ ဦးဆောင်သော အဖွဲ့သည် ဧပြီ ၂ ရက် မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဂျင်းကျောက်မြေခင်းခြင်း လုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရန်ပုံငွေ ကျပ် (၅၅.၄၀ဝ) သန်းဖြင့် ကုန်ထုတ်လမ်းပေ (ပေ ၁၀၈၀ဝ x ၁၂ပေ x ၉လက်မ) ကို တင်ဒါစနစ်ဖြင့် “အောင်ဖြိုးဓန” ကုမ္ပဏီမှ ယခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်မှ စတင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းမှာ ၅၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဝင်းမြတ်သိန်းက ပြောသည်။

 

ယခုကုန်ထုတ်လမ်းကြီး ပြီးစီးသွားပါက ပလိုင်းကျေးရွာနေတောင်သူတွေ အနေဖြင့် တစ်နှစ်ကို နှစ်သီး စိုက်ပျိုးလျက်ရှိသော စုစုပေါင်း လယ် (၇၁၃) ဧကမှ ထွက်ရှိသည့် စပါးသီးနှံများကို နွေ၊မိုး၊ဆောင်း သယ်ယူပို့ဆောင် နိုင်တော့မည်ဖြစ်သောကြောင့် ကျေးရွာသူ၊ ကျေးရွာသားများ၏ ကိုယ်စား ဒေသခံ ဦးလှဝင်းအောင်က အထူးကျေးဇူးတင်ရှိကြောင်း ပြောပြ၍ သိရသည်။

 

ချစ်စံ(ခင်ဦး)