မိုးမောက် ၃ ဧပြီ
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့ မံပုံကျေးရွာ နှစ်ခြင်း သာသနာ ဝန်းအတွင်း ယာယီ တိုက်ပွဲရှာင်စခန်းရှိ ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကို မတ် ၂ ရက် ညနေ ၅ နာရီက အဆိုပါ စခန်းတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်း က စခန်းနေပြည် သူများ နေရပ်ပြန်နိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ မိမိကိုယ်မိမိ အမှီအခိုကင်းစွာ နေထိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းက ယာယီစစ်သိမ်းရှောင်စခန်းနေ ပြည်သူများအား ဆန်အိတ်(၅၀) လှူဒါန်းခဲ့ရာ သိက္ခာတော်ရဆရာ ဦးဆွမ်းလွတ်နော်အောန်မှ ယာယီ တိုက်ပွဲရှောင်စခန်းနေ ပြည်သူများ ကိုယ်စားလက်ခံ ရယူခဲ့သည်။
ထို့နောက် စခန်းနေပြည်သူများ ကိုယ်စား စခန်းတာဝန်ခံ သိက္ခာတော်ဆရာ ဦးဆွမ်းလွတ်နော်အောန်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ဦးမလန်လလွမ်(ပြန်/ဆက်)


