မဟာအောင်မြေ   ၃  ဧပြီ

မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိသော လုံခြုံစိတ်ချရမှုမရှိသည့် ပင်လယ်စာအမျိုးအစားများကို စိစစ်တွေ့ရှိခဲ့သဖြင့် ယနေ့ နံနက်ပိုင်းက ပုသိမ်ကြီးမြို့နယ် အေးရိပ်ငြိမ် သုဿန်တွင်  မြို့နယ်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

မဟာအောင်မြေမြို့နယ် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ဝင်များသည်  မတ် ၂၆ ရက်က  မြို့နယ်အတွင်း ရှောင်တခင် စစ်ဆေးမှုများကို ဆောင်ရွက်လျှက်ရှိရာ ပင်လယ်စာများ ရောင်းချလျှက်ရှိသော ဆိုင်မှ  လုံခြုံစိတ်ချရမှုမရှိသည့် ပင်လယ်စာ အမျိုးအစား ၃၀ အရေအတွက် ၄၀၇ ထုပ်ကို တွေ့ရှိခဲ့ရာ ပူးပေါင်းအဖွဲ့မှ အထုတ် (၃၀)အား နမူနာပစ္စည်း အဖြစ် ကောက်ယူစစ်ဆေးခဲ့သည်။

ပူးပေါင်းအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ပင်လယ်စာအမျိုးအစား ၃၀ မျိုးအရေအတွက် ၄၀၇ ထုတ်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။ 

(ထွန်းထွန်းနိုင်)

 

mdn

 

mdn