နေပြည်တော် ၃ ဧပြီ
သရက်-မင်းလှ ကားလမ်းနှင့် မင်းလှ-မင်းဘူး ကားလမ်းဆုံတွင် ယနေ့နံနက်ပိုင်းက ယခုနှစ်သင်္ကြန်ကာလအတွင်း ပြည်သူများ ပျော်ရွှင်စိတ်အေးချမ်းစွာ ရေကစားနိုင်ရေးအတွက် မှုခင်းပညာပေးကြော်ငြာ ဆိုင်းဘုတ်များ စိုက်ထူ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ရဲတပ်ဖွဲ့၊ မင်းလှမြို့မရဲစခန်းမှ ဒုရဲအုပ် ညီညီမင်းနှင့် တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီက လာမည့် နှစ်သစ်ကူးသင်္ကြန်ပွဲတော် ကာလအတွင်း မင်းလှမြို့နယ်နေ ပြည်သူများ စိတ်အေးချမ်း ပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် မင်းလှမြို့၊ ရုံးရပ်မြောက်ပိုင်းရပ်ကွက်၊ သရက်-မင်းလှကားလမ်းနှင့် မင်းလှ-မင်းဘူးကားလမ်းဆုံ လမ်းဘေးတွင် ယာဉ်မောင်းများ လိုက်နာရန်၊ မှုခင်းများ မဖြစ်ပွားစေရေး ၊ မူးယစ်ဆေးဝါး၊ ကာမစိတ်ကြွဆေးဝါးများနှင့် ပတ်သက်၍ သတိပြု ရှောင်ကျဉ်ရမည့် အချက်များနှင့် လိုက်နာရမည့် အချက်အလက်များအား အလျား(၃)ပေ၊ အနံ(၆)ပေရှိ ဗီနိုင်းကြော်ငြာဆိုင်းဘုတ် (၃)ချပ် အားစိုက်ထူကာ ပညာပေးဆောင် ရွက်ခြင်း ၊ ယာဉ်သွား၊ ယာဉ်လာနှင့် လမ်းသွားလမ်းလာ ပြည်သူများအား ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေအေတီ


