တံတားဦး ၃ ဧပြီ
၂၀၁၉ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်တွင် ပါဝင်ဆင်နွှဲယှဉ်ပြိုင်ရန်အတွက် သင်္ကြန်ယိမ်းအကများ လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်း တံတားဦးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးသီဟအောင်က ပြောကြားသည်။
“ဒီနှစ် တံတားဦးမြို့ မဟာသင်္ကြန်မှာ ပါဝင်ဆင်နွှဲဖို့ အခြားရပ်ကွက်၊ ကျေးရွာများနှင့်အတူ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအနေနဲ့ သင်္ကြန်ယိမ်းအဖွဲ့မှာ ပါဝင်မယ့် ယိမ်းအလှပျိုဖြူတွေ အကတိုက် လေ့ကျင့်ပြင်ဆင် နေကြပါပြီ။ နေ့စဉ် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမှာ ယိမ်းအကကို နည်းပြ ဆရာမတစ်ဦးက လေ့ကျင့်သင်ကြားပေးနေပါတယ်”ဟု ၎င်းက ပြောသည်။
တံတားဦးမြို့အနေဖြင့် မဟာသင်္ကြန်ယိမ်းအကပြိုင်ပွဲမဏ္ဍပ်ကို သမိုင်းဝင် မဟာဆေးအိုးဖိုဘုရားအနီးတွင် တည်ဆောက်မည်ဖြစ်သည်။ ယခုနှစ် မဟာသင်္ကြန်ယိမ်းအက ပြိုင်ပွဲမှာ ရပ်ကွက်ကျေးရွာများမှ (၁၈)ဖွဲ့ ၊ထွေ/အုပ်ဝန်ထမ်း ယိမ်းအဖွဲ့နှင့် ပညာရေးဌာနယိမ်းအဖွဲ့ စုစုပေါင်းအဖွဲ့(၂၀)ဖြင့် မဟာသင်္ကြန်အကြိုနေ့မှစတင် ယှဉ်ပြိုင်မှာဖြစ်ပြီး သင်္ကြန်အတက်နေ့ ညချမ်းအချိန်တွင် ဆုများ ချီးမြှင့်မည်ဖြစ်ကြောင်း သိရှိရသည်။
ရဲတင့်(ပြန်/ဆက်)


