နေပြည်တော် ဧပြီ

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် ဉရောပသမဂ္ဂရွေးကောက်ပွဲ နောက်ဆက်တွဲလေ့လာရေးအဖွဲ့ (EU Election Follow-up Mission, EU-EFM) ခေါင်းဆောင် Mr. Alexander Graf Lambsdorff နှင့်အဖွဲ့အား ယနေ့နံနက် နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး၊ ဧည့်တွေ့ ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

mdn

 

တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲများ ကျင်းပရာတွင် စံ ()ချက်ဖြင့် ဦးတည်ချက်ထား ဆောင်ရွက်လျက်ရှိမှု၊ EU-EFM ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အကြံပြုချက်များနှင့်စပ်လျဉ်း၍ ကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် ရွေးကောက်ပွဲများတွင် ပြည်တွင်း၊ ပြည်ပ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ခွင့်ပြုပေးလျက်ရှိမှုတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး Mr.  Alexander Graf Lambsdorff က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ အမျိုးသမီးများ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်မှုမြှင့်တင်ရေး၊ မဲဆန္ဒနယ်ပြင်ပ ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်တို့နှင့်စပ်လျဉ်း၍ သိရှိလိုသည့် မေးမြန်းမှုများအပေါ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ဖြေကြားသည်။

 

ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် EU-EFM တို့အကြား ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။  

 

(သတင်းစဉ်)