နေပြည်တော် ၃ ဧပြီ

 

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ဥရောပသမဂ္ဂရွေးကောက်ပွဲ နောက်ဆက်တွဲလေ့လာရေးအဖွဲ့ (EFM) ၏ ခေါင်းဆောင် Mr. Alexander Graf Lambsdorff နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

1

 

ထိုသို့တွေ့ဆုံစဉ် ဥရောပသမဂ္ဂရွေးကောက်ပွဲ နောက်ဆက်တွဲလေ့လာရေးအဖွဲ့ (EFM) ၏ ၂၀၁၆ ခုနှစ်က တင်သွင်းခဲ့သော မြန်မာနိုင်ငံရွေးကောက်ပွဲအစီရင်ခံစာနှင့် စပ်လျဉ်းသည့်ကိစ္စ၊ ရွေးကောက်ပွဲဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

(သတင်းစဉ်)