နေပြည်တော် ၃ ဧပြီ

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ဥရောပသမဂ္ဂရွေးကောက်ပွဲ နောက်ဆက်တွဲ လေ့လာရေးအဖွဲ့(EFM)၏ ခေါင်းဆောင် Mr. Alexander Graf Lambsdorff အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံ၏ ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ လေ့လာသုံးသပ်ချက်များနှင့် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်ကိစ္စ၊ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေများ၌ မဲပေးပိုင်ခွင့်ရှိသူများ၏ အခွင့်အရေးဆုံးရှုံးမှု မရှိစေရေးနှင့် မဲဆန္ဒရှင်စာရင်းများ ကွဲလွဲမှုမရှိစေရေးဆိုင်ရာကိစ္စ၊ ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ စိစစ်ရေးဆိုင်ရာကိစ္စ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေနှင့် ပတ်သက်သည့်ကိစ္စ၊ လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဉီးထွန်းထွန်းဟိန်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂ သံအမတ်ကြီး  H.E. Mr. Kristian Schmidt တို့ တက်ရောက်ခဲ့ကြသည်။

 

(သတင်းစဉ်)