မန္တလေး ၃ ဧပြီ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်တို့တွင် ၂၀၁၉ ခုနှစ် နွေစပါးနှင့် နွေသီးနှံ စိုက်ပျိုးဧကများ အောင်မြင်ဖြစ်ထွန်းရန်အတွက် မြို့ကြီးရေလှောင်တမံမှ ရေလုံလောက်စွာ ပေးဝေလျက်ရှိကြောင်း သိရသည်။

 

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အဆိုပါမြို့ကြီးရေလှောင်တမံအား အဆင့်ဆင့် ပြုပြင်ထိန်းသိမ်းမှုများဖြင့် ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးရေပေးဝေခြင်းများ လုပ်ဆောင်လျက်ရှိသည့်အပြင် မြို့ကြီးရေလှောင်တမံ ရေသောက်စနစ်တွင် တစ်ခုအပါအဝင်ဖြစ်သော ဇီးတောဆည်ရေသောက်စနစ်ကိုလည်း ကမ္ဘာ့ဘဏ်ချေးငွေ အကူအညီဖြင့် မကြာမီကာလများတွင် အဆင့်မြှင့်တင် ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)

 

aaa