ဘားအံ ၃ ဧပြီ

 

ဘားအံမြို့နယ်အတွင်း သင်္ကြန်ကာလ မှုခင်းကျဆင်းရေးအတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများကို နေ့စဉ်တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

555

 

ဘားအံမြို့နယ်အတွင်း ဂျိုင်း(ကော့ကရိတ်)တံတား၊ ဂျိုင်း(ဇာသပြင်)တံတား၊ သံလွင်တံတား၊ ဒုံသမိတံတား အစရှိသည့် နေရာများအပြင် မြို့အဝင်/အထွက်နေရာများ၌ ဘားအံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦးနှင့် ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွန်းအောင်တို့ ဦးစီးကာ ပူးပေါင်းအဖွဲ့များဖြင့် မှုခင်းကျဆင်းရေးအတွက် ရှာဖွေစစ်ဆေးခြင်းများကို နေ့စဉ်တိုးမြှင့် ဆောင်ရွက်လျက်ရှိသည်။

 

22

 

ထို့အပြင် သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မင်းသူ(ဘားအံ)