ကံမ   ၄  ဧပြီ

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်ကျေးရွာအချို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စုများအား သရက်ခရိုင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနမှထောက်ပံ့သော ငွေနှင့်ပစ္စည်းများအား ယမန်နေ့ မွန်းလွဲပိုင်းက ထောက်ပံ့ပေးအပ်ခဲ့သည်။

 

002

 

ထိုသို့ထောက်ပံ့ ပေးအပ်ရာတွင် လေဘေးသင့်အိမ်ထောင်စု ၁၇ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် သုံးသောင်းစီနှင့် အဝတ်အထည်၊ အိမ်သုံးပစ္စည်းများပါဝင်သည့် ကယ်ဆယ်ရေးပစ္စည်း ၉ မျိုး တို့အား အိမ်ထောင်ဦးစီးများ လက်ဝယ်သို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းသိန်းနှင့်တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

 

ကျော်ဇေယျဝင်း(ပြန်/ဆက်)