ပုလဲ ၄  ဧပြီ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ပုံတောင်ဒေသရှိ ရှားတောကျေးရွာသို့ ဧပြီ ၃ ရက်  ညနေ ၃ နာရီက  တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး    ဦးမြင့်ကြည်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်  ဦးဇော်ထက်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ရောက်ရှိခဲ့ပြီး ဘုန်းတော်ကြီးကျောင်း၌ ဒေသခံ  ပြည်သူများနှင့်တွေ့ဆုံပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

 

4

 

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့  စည်ပင်သာယာရေးဝန်ကြီး   ဦးမြင့်ကြည်ကတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ  ဆောင်ရွက်ပေးနေမှု အခြေအနေများကို   ရှင်းလင်း ပြောကြားခဲ့သည်။

 

5

 

ဆက်လက်၍  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဒေါ်ခင်စန်းလှိုင်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်တို့က  လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများကို ရှင်းလင်းပြောကြား

ခဲ့သည်။ ထို့နောက်  မြို့နယ်သစ်တောဦးစီးဌာန  ဦးစီးအရာရှိ    ဦးနိုင်လင်း၊   မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းဦး၊  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်သိန်းစိုးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှရဲအုပ်သက်နိုင်တို့က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်   ပတ်သက်၍ ဆာင်ရွက်ပေးနေမှု    အခြေအနေများ၊   မူးယစ်ဆေးဝါးအန္တရာယ်  ကြိုတင်ကာကွယ်ရေး၊   လူကုန်ကူးမှု မဖြစ်ပေါ်စေရေး၊ သက်ငယ်မုဒိန်းမှုမဖြစ်ပွားစေရေးအတွက် သတိပြုလိုက်နာရမည့် အချက်အလက်များနှင့်စာဖတ်သည့်  အလေ့အကျင့်ကောင်းများ ရရှိအောင် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ယင်းနောက် ရှားတောကျေးရွာနေပြည်သူများက ရေအားလျှပ်စစ်ဖြင့် လျှပ်စစ်မီးသွယ်တန်းထားသည့် ဓာတ်တိုင်များ ဟောင်းနေသောကြောင့် ဓာတ်တိုင်အသစ်များ လဲလှယ်စိုက်ထူပေးရန်၊ ကျေးရွာအဝင်လမ်းပိုင်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးရန်၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ခံ ဆောင်ရွက်ပေးနေသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကို အမြန်ဆုံးထုတ်ချေးခွင့်

ရရှိရေး ဆောင်ရွက်ပေးရန်တို့ကို ရှင်းလင်းတင်ပြရာတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်နှင့်    မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက  သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍအလိုက်

ဆောင်ရွက်ပေးမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းဖြေကြားခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး   ဦးမြင့်ကြည်၊  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်  ဦးဇော်ထက်နှင့်

မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည်   မိုးကောင်းကျေးရွာသို့ ညနေ  ၅ နာရီတွင် ရောက်ရှိခဲ့ပြီး အခြေခံပညာအလယ်တန်းကျောင်း၌  ဒေသခံပြည်သူများနှင့်  တွေ့ဆုံ၍  ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးရာ ဒေသခံပြည်သူများက သန့်ရှင်းသော သောက်သုံးရေ   ရရှိရေးအတွက် စက်ရေတွင်း တူးဖော်ပေးရန်၊ ကျေးရွာအဝင်လမ်းပိုင်းအဆင့်မြှင့်တင်ပေးရန်နှင့်ကျေးရွာအဝင်   တံတားအား  အဆင့်မြှင့်တင်ပေးရန်တို့ကို တင်ပြဆွေးနွေးရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ပေးမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းဖြေကြားခဲ့ကြောင်းနှင့်   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသခံပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက်  စာအုပ်၊စာစောင် ၆၅အုပ်ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း ပုလဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။

 

MDN