ရေကြည်  ၄ ဧပြီ

 

ပုသိမ်ခရိုင် ရေကြည်မြို့နယ် ရေကြည်မြို့ အောင်းဆန်းရပ်ကွက် ဆောက်လုပ်ရေးရုံးရှေ့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို  ကျင်းပသွားမည်ဖြစ်ပြီး  သင်္ကြန်ယိမ်းအဖွဲ့ ၁၀ ဖွဲ့ဖြင့်  အစဉ်အလာမပျက် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သင်္ကြန်ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီထံမှ သိရသည်။

 

888

 

ရေကြည်မြို့နယ်တွင် ရေကြည်က ၇ ဖွဲ့၊ ငါးသိုင်းချောင်း ၁ ဖွဲ့၊ အသုတ်မြို့ ၂ ဖွဲ့ စုစုပေါင်း သင်္ကြန်ယိမ်းအဖွဲ့ ၁၀ ဖွဲ့ရှိသည့်အနက် ဆရာစံရပ်ကွက်၊ သင်္ကန်းဒေါင့်ကျေးရွာ၊ ကြာကန်ကျေးရွာ သင်္ကြန်ယိမ်းအဖွဲ့တို့က ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း၊ သင်္ကြန်ယိမ်း ၁၀  ဖွဲ့ကို တစ်ဖွဲ့လျှင် သုံးသိန်းကျပ်ဖြင့် မြို့နယ်သင်္ကြန်ပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပရေး ဦးစီးကော်မတီက ထောက်ပံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် သင်္ကြန်ရက်များအတွင်း စေတနာရှင် အလှူရှင်များက စတုဒိသာကျွေးမွေးခြင်း၊ ဖျော်ဖြေရေး အစီအစဉ်အဖြစ် သင်္ကြန်ယိမ်းအဖွဲ့များ ကပြဖျော်ဖြေခြင်း၊ မြို့ပေါ်လူငယ်များက သီဆိုဖျော်ဖြေခြင်းတို့ဖြင့် နံနက်နှင့် ညပိုင်းတို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ မြို့နယ်သင်္ကြန်ပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပရေး ဦးစီးကော်မတီထံက သိရသည်။

 

ယခင်နှစ်က ရေကြည်မြို့နယ်တွင် သင်္ကြန်ယိမ်းအဖွဲ့ ၇ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆု ၅ သိန်း၊ ဒုတိယဆု ၃ သိန်း၊ တတိယဆု ၂ သိန်း ဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

မင်းဇော်ဦး(ရေကြည်)