ပဲခူး ၄ ဧပြီ
ပဲခူးမြို့ ဓမ္မဝိဟာရကျောင်းတိုက်ဆရာတော် လှူဒါန်းသည့် သံကူကွန်ကရစ်တံတား ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲက အဆိုပါ လမ်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
တံတားဖွင့်ပွဲတွင် သံကူကွန်ကရစ်တံအား အလှူရှင် ဓမ္မဝိဟာရ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသာသန၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေနှင့် ပဲခူးမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ခင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အဆိုပါတံတားသည် အလျား ၄၈ ပေ၊ အနံ ၂၄ ရှိပြီး ပဲခူးမြို့ ဓမ္မဝိဟာရ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသာသနမှ ငွေကျပ် ၆၄၇၅၇၅၀ အကုန်အကျခံ ဆောက်လုပ်လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)


