ပြင်ဦးလွင် ၄ ဧပြီ

 

၂၀၁၉ ခုနှစ် မြန်မာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်တွင် ပြင်ဉီးလွင်မြို့၌ သံချပ်ပြိုင်ပွဲကို ပထမဆုံး အကြိမ်ဖြစ် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဆပ်ကော်မတီ ဒုတိယဉက္ကဌ(၁) ၏ ပြောပြချက်အရ သိရသည်။

 

“သံချပ်ပြိုင်ပွဲကြမယ့်အဖွဲကတွေက ဧပြီလ(၈)ရက်နေ့ ညနေ(၄)နာရီ နောက်ဆုံးထားပြီး ပြင်ဦးလွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှာ ပြိုင်ပွဲဝင်သံချပ် အမူတွေနဲ့အတူ စာရင်းပေး သွင်းကြမှာ ဖြစ်ပါတယ်။ ပြိင်ပွဲဝင်သံချပ်အဖွဲ့တွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကိုလည်း ထုတ်ပြန် ကြေညာထားပြီပါပြီ၊၊  ဒီနှစ်က ပထမဆုံးအကြိမ် ဖြစ်နေလို့ ဝါသနာရှင်အဆင့်၊ ပညာရှင်အဆင့်တို့ ခွဲခြားမထားဘဲ ပြိုင်ပွဲဝင်အားလုံးကို လက်ခံယှဉ်ပြိုင်ပေးသွားမှာပါ၊၊ ဒိုင်အဖွဲ့ဝင်တွေကိုတော့ စာရေးဆရာ၊ သတင်းစာဆရာ၊ သဘင်ပညာတွေနဲ့ ပူးပေါင်းပြီး ဖွဲ့စည်းထားပါတယ်”ဟု ပြောကြားသွားခဲ့ပါသည်။

 

ပြင်ဦးလွင်သင်္ကြန်သံချပ်ပြိုင်ပွဲကို ဧပြီလ(၁၃)ရက် သင်္ကြန်အကြိုနေ့မှစတင်၍ ကျောက်တိုင်ကွင်းဗဟို မဏ္ဍပ်တွင် စတင်ယှဉ်သွားမည်ဖြစ်ပြီး၊ သံချပ်ပြိုင်ပွဲနှင့်အတူ ရပ်ကွက်၊ ကျေးရွာများမှ ယိမ်းအလှများကိုလည်း ပူးပွဲတင်ဆက် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

 

သက်နိုင်(ပြင်ဦးလွင်)