ပဲခူး ၄ ဧပြီ

 

ပဲခူးမြိုက ဘူတာကြီးတွင် ဧပြီ ၃ ရက် ညနေ ၅ နာရီခွဲက စိတ်ဆိုးပြီး နေအိမ်မှထွက်ပြေးလာသူ အသက်(၁၁)နှစ်အရွယ် မိန်းကလေးတစ်ဦးအား တပ်ခွဲ(၁၁) ရထားရဲတပ်ဖွဲ့မှ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။

 

ပဲခူးဘူတာကြီး  အမှတ်(၁)စင်္ကြန်တွင် အသက်(၁၁)နှစ်အရွယ်ရှိ မိန်ကလေးတစ်ယောက်တည်း ယောင်လယ်လယ်တွေ့ရှိရ၍ ရထားရဲစခန်းသို့ အကြောင်းကြားခဲ့သဖြင့် ပဲခူးရထား ရဲစခန်းမှ စခန်းမှူး ရဲအုပ် စိုးလေးနှင့် ရဲတပ်ဖွဲ့ဝင်များသည် ဘူတာရုံ ရထားဝန်ထမ်းများနှင့်အတူ လာရောက်ခေါ်ဆောင်ပြီး စခန်းတွင်း မေးမြန်းခဲ့သည်။

 

အဆိုပါ မိန်းကလေးသည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖေါင်ကြီးမြို့ မင်းကုန်း(၄) ရပ်ကွက်နေသူ မသော်သော်မျိုးလွင် ဖြစ်ကြောင်း၊ မိဘနှစ်ပါး ဆုံးပါးသွားပြီဖြစ်၍ အဘိုး အဘွားများနှင့် နေထိုင်ပြီး အိမ်နှင့်စိတ်ဆိုးကာ ထွက်ပြေးလာသူဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသဖြင့် အုပ်ထိန်းသူ အဘိုးအဘွားများအား စုံစမ်းချိတ်ဆက်ပေးပြီး ပဲခူးမြို့ ဇိုင်းမြောက် အုပ်ချုပ်ရေးမှူးရုံး သက်သေများရှေ့မှောက်၌ ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။

 

ခင်ကို(ကျောက်တံခါး)