ပြည် ၄ ဧပြီ
ပြည်မြို့နယ်တွင် ဧပြီလ ၂ ရက် ညနေပိုင်းက မိုးသက်လေပြင်းကျရောက်မှုကြောင့် ပြည်ရွှေဆံတော် ဘုရားရင်ပြင်တော် အရှေ့ဘက်ထောင့်(အင်္ဂါထောင့်)ရှိ ရုပ်ပွားတော်ခြောက်ဆူ တန်ဆောင်း တစ်ခု ပြိုလဲသွားခဲ့ပြီး နဂါးနှစ်ကောင်တောင်ဘက်စောင်းတန်းရှိ တိုင်လေးတိုင်ပက်ကြားအက်မှုနှင့် ဗောဓိ ညောင်ပင်ကိုင်းများ ကျိုးကျပျက်စီးမှုတို့ကို ဧပြီ ၄ရက် နံနက်ပိုင်းတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှတပ်မတော်သားများနှင့်ပြည်ခရိုင် မီးသတ်ဦးစီးမှူးရုံးမှ တပ်ဖွဲ့ဝင်များကပူးပေါင်း ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုနှင့် မိုးသက်လေပြင်းကျရောက်မှုကြောင့် ပြည်မြို့နယ်ရှိ မြို့ပေါ်ရပ် ကွက်နှင့် ကျေးရွာအုပ်စုများတွင် စုစုပေါင်းအမိုးလန်ပျက်စီး နေအိမ်(၉၆)လုံး၊ ပြိုလဲပျက်စီး နေအိမ်(၁၁)လုံး ၊ ဘုန်းကြီးကျောင်းအမိုးလန်(၃)ကျောင်း နှင့် ပြိုလဲ(၂)ကျောင်း၊ ဓမ္မာရုံအမိုးလန်ပျက်စီး(၁)ခု၊ အမကကျောင်း (၁)ကျောင်း အမိုးလန်ပျက်စီး၊ ကိုယ်ထူကိုယ်ထကျောင်း(၁)ကျောင်း အမိုးလန်ပျက်စီးခဲ့ပြီး အခြားလူနှင့်တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှသိရသည်။
မျိုးကျော်ကြီး(ပြန်/ဆက်)


