နေပြည်တော် ၄ ဧပြီ

 

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် သြစတြေးလျနိုင်ငံသံအမတ်ကြီး Ms. Andrea Faulkner နှင့် အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့ တွေ့ဆုံစဉ် ဉပဒေဆိုင်ရာ သတင်းအချက်အလက်များကို အများပြည်သူလက်လှမ်း မီရေးအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံး Website တွင် မြန်မာနိုင်ငံဥပဒေသတင်း အချက်အလက်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လုပ်ငန်းများတွင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး လုပ်ငန်းဆိုင်ရာ ဥပဒေများကို ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ပြဋ္ဌာန်း နိုင်ရေးအတွက် သြစတြေးလျနိုင်ငံ၏ ပံ့ပိုးကူညီဆောင်ရွက်မှုများ၊ သြစတြေးလျနိုင်ငံ ပညာသင်ဆုဖြင့် ဥပဒေ အရာရှိများ စေလွှတ်လျက်ရှိသည့် အစီအစဉ်များနှင့် ဥပဒေကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)