သံတောင် ၅ ဧပြီ
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သံတောင်မြို့တွင် မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ပသိချောင်းသို့ လာရောက် ရေကစားသူ များပြားလျက်ရှိရာ မှုခင်းကျဆင်းရေးနှင့် လုံခြုံရေးများ ဆောင်ရွက်နိုင်ရန်အတွက် ဆွေနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နော်ခရစ္စထွန်း က သံတောင်ကြီး ဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခြင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောဗစ်တာခလိုက်က မဟာသင်္ကြန်ကာလအတွင်း မှုခင်းကျဆင်းရေးနှင့် လုံခြုံရေးအတွက် စနစ်တကျ ကြပ်မတ်ဆောင်ရွက် ထားရှိရန်လိုအပ်ကြောင်း အထူးသဖြင့် နှစ်ဆန်းတစ်ရက်နေ့၌ နော်ဘူဘော ဆုတောင်းတောင်သို့လည်းကောင်း သံတောင်မြို့ ပသိချောင်းသို့ လာရောက်ပြီး ရေကစားသူများနှင့် စည်ကားလျက်ရှိရာ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် မှုခင်းများ မဖြစ်ပွားစေရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြု ဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက လိုအပ်သည်များ ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်ခရစ္စထွန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောဗစ်တာခလိုက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ စုစုပေါင်း အင်အား (၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


