မယ်စဲ့ ၅ ဧပြီ

 

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း)အတွက် စည်းရုံးရေးမှူးများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (အပိုင်း-၃) ဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ဖရူဆိုမြို့၊ ညောင်ဇင်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ကျေးလက်ဦးစီးဌာနမှူး ဦးကျော်သူရက အဖွင့်အမှာစကားပြောကြားပြီး နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြ ခဲ့သည်။ လူထုစည်းရုံးရေးမှူးများ စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ကျေးလက်ဦးစီးဌာနဝန်ထမ်းများ၊ လူထုစည်းရုံးရေးမှူးများ၊ လက်ထောက်နည်းပညာမှူးများအား သုံးရက်ကြာ သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။

 

ဝတ်ရည်

 

MG-b362