တံတားဦး ၅ ဧပြီ
၁၃၈၁-ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကြီးတွင် ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ဓလေ့နှင့်လျော်ညီပြီး ပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် လမ်းလျှောက် သင်္ကြန် ပထမဦးဆုံး ပါဝင်ထည့်သွင်း ကျင်းပမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ လမ်းလျှောက်သင်္ကြန်ကို မဟာသင်္ကြန် ယိမ်းအကပြိုင်ပွဲမဏ္ဍပ်အနီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၏ မြောက်ဘက်မှ စတင်ပြီး စေတနာရှင်လူမှုကူညီရေး အသင်းရုံးအထိ ပြုလုပ်မှာဖြစ်ပြီး တောသင်္ကြန်ကို မြဝတီဘဏ်ရုံးရှေ့မှာ ဆောင်ရွက်မှာဖြစ်ကြောင်း စတုဒိသာ ဧည့်ခံကျွေးမွေးရေးများနှင့် မဟာသင်္ကြန်ယိမ်းအက ပြိုင်ပွဲမဏ္ဍပ် တစ်ခုလည်း ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မဟာသင်္ကြန်ပွဲ ဖြစ်မြောက်ရေးကော်မတီများထံမှ သိရှိရသည်။
ရဲတင့်


