ပင်းတယ  ၅   ဧပြီ  

 

ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသပင်းတယမြို့နယ် အတွင်းရှိ သောက်သုံးရေ ရှားပါးသည့် ကျေးရွာများရှိ ကျေးလက်နေ ပြည်သူများထံ သောက်သုံးရေများကို  ဧပြီ ၃ ရက်နေ့မှစတင်၍  အလှည့်ကျ သွားရောက်လှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ သောက်သုံးရေလှူဒါန်းမှုကို ယနေ့ ဧပြီလ ၅ ရက်နေ့တွင် ပင်းတယမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးအောင်ကျော်နှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိ သူများတို့က ရေသယ်ယာဉ်၊ မီးသတ်ရေယာဉ်များတို့ဖြင့် စုစုပေါင်း ရေဂါလန် ၅၆၀၀ ကို ရှားပြား ကျေးရွာရှိ အိမ်ခြေ ၂၁၉ လူဦးရေ ၉၅၅ ဦးတို့အတွက် သောက်သုံးရေများကို စနစ်တကျ ဖြန့်ဝေပေးလျက်ရှိကြောင်းနှင့် လူဦးရေများသည့် ကျေးရွာများအတွက် ထပ်မံလိုအပ်သည့် ရေဂါလန် အရေအတွက်ကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆက်လက် ပို့ဆောင်လှူဒါန်းပေး သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

ခင်မျိုးနွယ်(ပင်းတယ)