နေပြည်တော် ၅  ဧပြီ

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၅ /၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၉)ဦး တက်ရောက်ကြသည်။

 

mdn

 

အဆိုပါ အစည်းအဝေးတွင် စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ပညာရေးဝန်ဆောင်မှုလုပ်ငန်း၊ စက်မှုကုန်ထုတ်လုပ်ငန်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်း စုစုပေါင်းလုပ်ငန်း (၅)ခု တို့ကို ခွင့်ပြုပေးခဲ့သည်။

 

အထက်ဖော်ပြပါ လုပ်ငန်း (၅)ခုမှ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၁၉.၃၈) သန်းနှင့် ကျပ်သန်းပေါင်း (၆၉,၃၈၄. ၇၅၄) ရှိပြီး၊ အဆိုပါ လုပ်ငန်းများမှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁,၁၂၁) ဦး ဖန်တီးပေးနိုင်မည်ဖြစ်သည်။

 

(သတင်းစဉ်)

 

mdn