နေပြည်တော် ၅ ဧပြီ

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပသော ၂၀၁၉ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံတစ်ဝန်း လုံးရှိ စာဖြေဌာန ၂၄၂ ဌာနတို့၌ (စတုတ္ထနေ့)အဖြစ် ဖြေဆိုကြရာ ပါဠိပထမပြန်စာမေးပွဲ(ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ အခြေပြုမူလတန်း) စာရင်းသွင်းသံဃာနှင့် သီလရှင်စုစုပေါင်း ၅၇၁၇၃ ပါး အနက် ၄၆၃၉၄ ပါး ဖြေဆိုကြပြီး ၈၁ ဒဿမ ၁၅ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

 

(သတင်းစဉ်)