ငဖဲ  ၆   ဧပြီ

 

မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန် အတွက်ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်း အနား ကို ဧပြီ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်မှ ထောက်ပံ့သည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက် မည့် ဖွံ့ဖြိုးရေးရန်ပုံငွေဆိုင်ရာ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးမြင့်က လွှတ်တော်ရန်ပုံငွေနှင့် ပတ်သက်၍ ရှင်းလင်းအမှာစကားပြောကြားပြီး မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းအကောင်အထည်ဖော်ရေး အဖွဲ့အတွင်းရေးမှူး မြို့နယ်အုပ်ချူပ်ရေးမှူး ဦးဆန်းထွန်း က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ငွေကြေးသုံးစွဲမှုဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက်ပြည်ထောင်စုလွှတ်တော်မှ ထောက်ပံ့ပေးသည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများအား ငဖဲမြို့နယ် ရှိရပ်ကွက်နှင့် ကျေးရွာ ၂၃ အုပ်စုမှ လမ်း၊တံတားလုပ်ငန်း(၁၀) ခု၊ ရေရရှိရေးလုပ်ငန်း (၁၁)ခု၊ အခြားလုပ်ငန်း (၉)ခု စုစုပေါင်းလုပ်ငန်း (၃၀)ခုအတွက် ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း (၁၀၀၀) မှ လုပ်ငန်းအားလုံးအတွက် ဒုတိယအကြိမ် ထုတ်ပေးငွေကျပ် (၂၉၅) သိန်းကို တာဝန်ရှိသူတို့က သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာတာဝန်ရှိသူများထံသို့ အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

မယု(ငဖဲ)