စစ်တွေ  ၆   ဧပြီ

 

ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန် စိတ်ဝင်စားမှုရှိကြောင်း အဆိုပြုလွှာ Expression of Interests (EIO) လက်မှတ်ရေးထိုးပြီး နောက်ဆက်တွဲလုပ်ငန်းစဉ်များညှိနှိုင်းအ စည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ယခုကျင်းပသောအစည်းအဝေး၏ အဓိကရည်ရွယ်ချက်သည် ငပလီကမ်းခြေတွင် ကျင်းပခဲ့သော Rakhine State Investment Fair 2019 ၏ နောက်ဆက်တွဲဖြစ်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စတင်နိုင်ရန်ဆောင်ရွက်မည့်  အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးကြရန်ကျင်းပခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲကို တက်ရောက်လာကြသော စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများအနေဖြင့် မိမိတို့ဆောင်ရွက်လိုသည့် အစီအစဉ်များကို ပွင့်ပွင့်လင်းလင်း စေတနာထားပြီး ဆွေးနွေးပေးကြစေလိုကြောင်း၊ အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းများကလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်းမှာရှိနေသည့် အလားအလာကောင်းများကို လက်တွေ့ ကျကျ အကောင်အထည်ဖော်နိုင်ရန် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ တက်ညီလက်ညီပူးပေါင်းပြီး ဆောင်ရွက်ကြစေလိုကြောင်း၊ ထို့အပြင် လက်ရှိတင်ပြထားသော EIO အဆင့်သာမက ရင်းနှီးမြှုပ် နှံမှုအဆိုပြုလွှာများ တင်ပြနိုင်သည့်အထိ  အသေးစိတ်ဆက်လက်ဆွေးနွေးပြီး ဆောင်ရွက်သွားကြ စေလိုကြောင်းနှင့် သက်ဆိုင်ရာဌာနများအနေဖြင့်လည်း ကုမ္ပဏီများ၏ တင်ပြချက်၊ လိုအပ်ချက်များ ကို ဝိုင်းဝန်းဆွေးနွေးအဖြေရှာပေးခြင်းအားဖြင့် ရခိုင်ပြည်နယ်ကို ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်း တစ်ခုအဖြစ် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်အတွင်းရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ကြမည့် ပြည်တွင်းပြည်ပစီးပွားရေး လုပ် ငန်းရှင်းများနှင့် ကုမ္ပဏီများက မိမိတို့ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများအပေါ်အသေးစိတ်ဆွေးနွေးတင် ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက ညှိနှိုင်းဆွေးနွေးပေးကြသည်။

 

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ငပလီကမ်းခြေတွင် ကျင်းပခဲ့သော ရင်းနှီးမြှုပ်နှံမှုပြပွဲ Rakhine State Investment Fair 2019 တွင် EIO လက်မှတ်ရေးထိုးတင်ခဲ့သော ကုမ္ပဏီ ၂၇ ခုရရှိခဲ့ပြီး  Project Proposal တင်ပြခဲ့ သော ကုမ္ပဏီ ၂ ခုနှင့် ကုမ္ပဏီအချင်းချင်းရေးထိုးခဲ့သော  MOU တစ်ခုအပါအဝင် စုစုပေါင်း ကုမ္ပဏီ ၃၀ ခုရှိခဲ့ကြောင်းသိရသည်။

 

ယနေ့ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန်စိတ်ဝင်စားမှုရှိကြောင်း အဆိုပြုလွှာ EIO လက်မှတ်ရေးထိုး ပြီး နောက်ဆက်တွဲလုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီ ၁၆ ခုမှ လုပ်ငန်းရှင်းများနှင့် တာဝန်ရှိသူများတက်ရောက် ဆွေးနွေးကြကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)

 

့်ျခ